World Environment Day အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်း

https://www.facebook.com/MCLMyanmar/photos/pcb.436173140497627/436172660497675/?type=3&theater https://www.facebook.com/MCLMyanmar/photos/pcb.436173140497627/436172670497674/?type=3&theater https://www.facebook.com/MCLMyanmar/photos/pcb.436173140497627/436172580497683/?type=3&theater MCL ဟာ ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ World Environment Day အထိမ်းအမှတ်အနေနဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြီး MCL ရဲ့ MD နဲ့ ၀န်ထမ်းတွေဟာ ကုက္ကို ၊ ဆီသပြေ ၊ ခရေ ၊ ရေတမာစတဲ့ အရိပ်ရ သစ်ပင် အပင် ၁၀၀၀ ခန့်ကို စိုက်ပျိုးခဲ့ပါတယ်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားမှာ MCL စက်ရုံကို လေ့လာရေးရောက်ရှိနေတဲ့ မွန်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဋ္ဌာနက တာဝန်ရှိသူတွေနဲ့ အဖွဲ့ကလည်း ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့တယ်လို့သိရပါတယ်။ MCL ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပိုမိုကောင်းမွန်စေဖို့ ကြိုးစားလုပ်ဆောင်ပေးနေတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်ပါတယ်။

Featured post

SCG Sharing a Brighter Vision Program 2017

SCG မှ Sharing a Brighter Vision Program အစီအစဉ်အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ အတွင်းတိမ်ဝေဒနာရှင် ၂၀၀ အား မျက်စိအလင်းပြန်လည်ရရှိစေရန်ခွဲစိတ်ကုသပေးခြင်းအစီအစဉ်ကို ၂၀၁၇ နိုဝင်ဘာလ ၂၁ရက်နေ့မှ ၂၅ရက်နေ့အထိဆောင်ရွက်ပေးခဲ့ပါသည်။

Featured post

MCL မိသားစု မဟာဘုံကထိန်

https://www.facebook.com/MCLMyanmar/photos/pcb.528302941284646/528302574618016/?type=3&theater MCL မိသားစု မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က မွန်ပြည်နယ်၊ ရွှေဝါချောင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ MCL အနေနဲ့ ဝတ္ထုငွေ ၁၀သိန်း ကျပ် အပါအဝင် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ MCL ဟာ မွန်ပြည်နယ် ဒေသတွင်း ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

SCG “Sharing a Brighter Vision”2019

https://www.facebook.com/MCLMyanmar/photos/pcb.534196270695313/534195120695428/?type=3&theater [Unicode]SCG ရဲ့ ၅ကြိမ်မြောက် "Sharing a Brighter Vision" အစီအစဉ်ကို ၂၀၁၉ နိုဝင်ဘာလ ၁-၃ ရက်နေ့အထိ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး ၊ မျက်စိဋ္ဌာနမှာ ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ မျက်စိခွဲစိတ်ဆရာဝန်ကြီးတွေက အတွင်းတိမ်ဝေဒနာရှင်လူနာပေါင်း ၂၆၃ ဦးကို ခွဲစိတ်ကုသပေးခဲ့ပါတယ်။၂၀၁၅ ခုနှစ်က စတင်ခဲ့တဲ့ SCG ရဲ့ "Sharing a Brighter Vision" အစီအစဉ်ကနေ အတွင်းတိမ်ဝေဒနာရှင် ၁၀၀၀ ကျော် ကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်ပါတယ်။ SCG နဲ့ MCL တို့ဟာ ဒေသတွင်း ကျန်းမာပျော်ရွှင်သော လူနေမှုဘဝများ ဖြစ်စေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ [Zawgyi]SCG ရဲ့ ၅ကြိမ်မြောက် "Sharing a Brighter Vision" အစီအစဉ်ကို... Continue Reading →

ရေဘေးသင့်ပြည်သူများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ကူညီခြင်း

https://www.facebook.com/MCLMyanmar/photos/pcb.476026563178951/476026306512310/?type=3&theater https://www.facebook.com/MCLMyanmar/photos/pcb.476026563178951/476026299845644/?type=3&theater https://www.facebook.com/MCLMyanmar/photos/pcb.476026563178951/476026303178977/?type=3&theater မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မွန်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိပါတယ်။ မွန်ပြည်နယ်အစိုးရအနေနဲ့ မွန်ပြည်နယ်ဒေသတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်နေရာချထားရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ MCL အနေနဲ့ ကျပ်ငွေ သိန်း ၁၅၀၊ SCG အနေနဲ့ ကျပ်ငွေ သိန်း ၁၅၀ စုစုပေါင်း ကျပ်သိန်း (၃၀၀) တိတိကို ရေဘေးသင့်ပြည်သူများအတွက် ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ MCL ဟာ မွန်ပြည်နယ်ဒေသတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ စိတ်အားထက်သန်တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။

ဝါဆိုသင်္ဃန်း ဆပ်ကပ်ခြင်း

https://www.facebook.com/MCLMyanmar/photos/pcb.457461081702166/457460861702188/?type=3&theater https://www.facebook.com/MCLMyanmar/photos/pcb.457461081702166/457460715035536/?type=3&theater MCL အနေနဲ့ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့က MCL စက်ရုံမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ စက်ရုံအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘုန်းတော်ကြီးများကို ပင့်ဖိတ်ကာ ဝါဆိုသင်္ကန်းနဲ့ လိုအပ်သည်များ လှူဒါန်းပေးအပ်ခဲ့ပါတယ်။ MCL ဟာ မွန်ပြည်နယ်ဒေသတွင်း ဘာသာရေး၊ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ဆောင်ရွက်ပေးလျက်ရှိတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။

MCL Stationary Donation

https://www.facebook.com/MCLMyanmar/photos/pcb.453821055399502/453820705399537/?type=3&theater MCL အနေနဲ့ မွန်ပြည်နယ်ဒေသတွင်း ပိုမိုကောင်းမွန်သော လူနေမှုဘ၀ဖြစ်စေဖို့ ဆောင်ရွက်လျက်ရှိရာမှာ စက်ရုံအနီးတစ်ဝိုက်ရှိ ကော့ပနော, ကဒုံစိ,ကွမ်န် နှင့် မယ်ကရို ကျေးရွာများမှ ကျောင်းသား၊သူတွေအတွက် ကျောပိုးအိတ်နဲ့ စာရေးကိရိယာများကို ဇူလိုင်လ ၂ ရက်နေ့က ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။ MCL ဟာ ဒေသတွင်း ပညာရေးဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပညာသင်ဆု အပါအ၀င် လိုအပ်သည်များကို ထောက်ပံ့ ကူညီလျက်ရှိတဲ့ အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်ပါတယ်။

Up ↑