MCL မိသားစု မဟာဘုံကထိန်

https://www.facebook.com/MCLMyanmar/photos/pcb.528302941284646/528302574618016/?type=3&theater MCL မိသားစု မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က မွန်ပြည်နယ်၊ ရွှေဝါချောင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ MCL အနေနဲ့ ဝတ္ထုငွေ ၁၀သိန်း ကျပ် အပါအဝင် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ MCL ဟာ မွန်ပြည်နယ် ဒေသတွင်း ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

SCG “Sharing a Brighter Vision”2019

https://www.facebook.com/MCLMyanmar/photos/pcb.534196270695313/534195120695428/?type=3&theater [Unicode]SCG ရဲ့ ၅ကြိမ်မြောက် "Sharing a Brighter Vision" အစီအစဉ်ကို ၂၀၁၉ နိုဝင်ဘာလ ၁-၃ ရက်နေ့အထိ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး ၊ မျက်စိဋ္ဌာနမှာ ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ မျက်စိခွဲစိတ်ဆရာဝန်ကြီးတွေက အတွင်းတိမ်ဝေဒနာရှင်လူနာပေါင်း ၂၆၃ ဦးကို ခွဲစိတ်ကုသပေးခဲ့ပါတယ်။၂၀၁၅ ခုနှစ်က စတင်ခဲ့တဲ့ SCG ရဲ့ "Sharing a Brighter Vision" အစီအစဉ်ကနေ အတွင်းတိမ်ဝေဒနာရှင် ၁၀၀၀ ကျော် ကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်ပါတယ်။ SCG နဲ့ MCL တို့ဟာ ဒေသတွင်း ကျန်းမာပျော်ရွှင်သော လူနေမှုဘဝများ ဖြစ်စေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ [Zawgyi]SCG ရဲ့ ၅ကြိမ်မြောက် "Sharing a Brighter Vision" အစီအစဉ်ကို... Continue Reading →

ဝါဆိုသင်္ဃန်း ဆပ်ကပ်ခြင်း

https://www.facebook.com/MCLMyanmar/photos/pcb.457461081702166/457460861702188/?type=3&theater https://www.facebook.com/MCLMyanmar/photos/pcb.457461081702166/457460715035536/?type=3&theater MCL အနေနဲ့ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့က MCL စက်ရုံမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ စက်ရုံအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘုန်းတော်ကြီးများကို ပင့်ဖိတ်ကာ ဝါဆိုသင်္ကန်းနဲ့ လိုအပ်သည်များ လှူဒါန်းပေးအပ်ခဲ့ပါတယ်။ MCL ဟာ မွန်ပြည်နယ်ဒေသတွင်း ဘာသာရေး၊ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ဆောင်ရွက်ပေးလျက်ရှိတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။

MCL Stationary Donation

https://www.facebook.com/MCLMyanmar/photos/pcb.453821055399502/453820705399537/?type=3&theater MCL အနေနဲ့ မွန်ပြည်နယ်ဒေသတွင်း ပိုမိုကောင်းမွန်သော လူနေမှုဘ၀ဖြစ်စေဖို့ ဆောင်ရွက်လျက်ရှိရာမှာ စက်ရုံအနီးတစ်ဝိုက်ရှိ ကော့ပနော, ကဒုံစိ,ကွမ်န် နှင့် မယ်ကရို ကျေးရွာများမှ ကျောင်းသား၊သူတွေအတွက် ကျောပိုးအိတ်နဲ့ စာရေးကိရိယာများကို ဇူလိုင်လ ၂ ရက်နေ့က ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။ MCL ဟာ ဒေသတွင်း ပညာရေးဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပညာသင်ဆု အပါအ၀င် လိုအပ်သည်များကို ထောက်ပံ့ ကူညီလျက်ရှိတဲ့ အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်ပါတယ်။

မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း

https://www.facebook.com/MCLMyanmar/photos/pcb.449442999170641/449442765837331/?type=3&theater https://www.facebook.com/MCLMyanmar/photos/pcb.449442999170641/449442785837329/?type=3&theater https://www.facebook.com/MCLMyanmar/photos/pcb.449442999170641/449442775837330/?type=3&theater MCL အနေနဲ့ မွန်ပြည်နယ်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျှက်ရှိရာမှာ စက်ရုံအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဥက္ကဋ္ဌများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျေးရွာကျန်းမာရေးမှူးများ အစရှိတဲ့ တာဝန်ရှိသူများနဲ့ ဇွန်လ ၂၅ ရက်နေ့က တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ MCL ရဲ့ MD က ပြီးခဲ့တဲ့နှစ်က ဆောင်ရွက်ခဲ့ပြီးသော ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်များနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ ထို့နောက် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးခြင်းအနေနဲ့ အပင် ၂၈၀ ကျော်ကို အတူတကွ စိုက်ပျိုးခဲ့ကြပြီး နေ့လည်စာ အတူသုံးဆောင်ကာ အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ပါတယ်။ MCL ဟာ မွန်ပြည်နယ်ဒေသတွင်း ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝဖြစ်စေဖို့ ဆောင်ရွက်ပေးလျှက်ရှိတဲ့ အဖွဲ့အစည်း တစ်ရပ်လည်း... Continue Reading →

Up ↑